Surprise Me!

DVB Debate Report:Candidates would not be able to do anything within only a year period.

2016-08-20 1 Dailymotion

ရန်ကုန်မြို့တော်ဝန်အပါအ၀င် အပေါ်ပိုင်း နေရာအများစုဟာ ရွေးကောက်ခံ
ထက် ရွေးချယ်ခံထားပြီးသူတွေကများနေတဲ့အတွက် ရွေးကောက်ပွဲကနေတက်လာမယ့် ကိုယ်စားလှယ်တွေဟာ ဘယ်လောက်စွမ်းဆောင်နိုင်ခွင့် ရမလဲဆိုတဲ့အပေါ်သံသယရှိတယ်လို့ စည်ပင်ရွေးကောက်ပွဲစောင့်ကြည့်လေ့ လာသူ ဦးကျော်လင်းဦးက ပြော ပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော်ကြာပြီးမှာ ပြန်လည်ကျင်းပမယ့် ရန်ကုန်မြို့တော် မြူနီစပယ်ရွေးကောက်ပွဲ နဲ့ပါတ်သတ်ပြီး ပြုလုပ်ခဲ့တဲ့ ဒီဗီဘီ ဒီဘိတ်မှာ သူကထောက်ပြဆွေးနွေးသွားခဲ့တာဖြစ်ပါတယ်။
ဒါကို တက်ရောက်လာတဲ့ ရွေးကောက်ခံမယ့်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးအေးမင်းကတော့ သူတို့အနေနဲ့ဆုံးဖြတ်ပိုင်ခွင့်အာဏာမရှိပေမယ့်
နောက်ဆုတ်လို့မရဘဲ ရသလောက်ဝင်တိုးရမယ်လို့ သူ့ရဲ့ရပ်တည်ချက်ကို အခိုင်အမာပြောဆိုသွားပါတယ်။

အခုအပတ်ဒီဗီဘီ ဒီဘိတ်မှာ အဓိကပါဝင်ဆွေးနွေးသူတွေကတော့ YCDC ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ ဦးကျော်လင်းဦး၊ ရန်ကုန်တိုင်းဒေသကြီးလွတ်တော်အမတ် ဦးဝင်းထိန်း၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောက်းစီယာယီ ဒုတိယဥက္ကဋ္ဌ ဦးဖိုးသောကြာ နဲ့ နယူးမြန်မာဖောင်ဒေးရှင်းအဖွဲ့က ရွေးကောက်ပွဲစောင့်ကြည့်လေ့လာ
ရေးအတိုင်ပင်ခံ မမြနန္ဒာသင်းတို့ဖြစ်ပါတယ်။