Surprise Me!

အမျိုးသမီးများ၏ ပညာရေး နှင့် လူမှုပတ်ဝန်းကျင်တွင် အဆင်ပြေစွာနေနိုင်ရေး လှုပ်ရှားမှုတစ်ခုပြုလုပ်

2017-06-16 4 Dailymotion

အမျိုးသမီးများ၏ ပညာရေး နှင့် လူမှုပတ်ဝန်းကျင်တွင် အဆင်ပြေစွာနေနိုင်ရေး လှုပ်ရှားမှုတစ်ခုပြုလုပ်
*************************************************************************************
အမျိုးသမီးများ၏ ပညာရေး နှင့် လူမှုပတ်ဝန်းကျင်တွင်အဆင်ပြေစွာနေနိုင်ရေးတို့အတွက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းမှတ် လှုပ်ရှားမှုတစ်ခုကို မတ်လ ၈ ရက်နေ့က ရန်ကုန်မြို့၊ ပြည်လမ်း ၇ မိုင်ရှိ Panna Institute တွင်ကျင်းပခဲ့သည်။
“ကျွန်တော်တို့ လူဦးရေ ရဲ့ ၅၁ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်တယ်၊ နိုင်ငံတိုးတက်ဖို့အတွက်ကလည်း အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကလည်း အရေးပါသလို အမျိုးသမီးတွေ ပူးပေါင်းပါဝင်မှုဟာလည်း အရေးကြီးပါတယ်” ဟု Panna Institute ဥက္ကဋ္ဌ ဦးကျော်နီခင် ကပြောသည်။
ယင်းလှုပ်ရှားမှုတွင် စကားဝိုင်းဆွေးနွေးပွဲများ၊ ဖျော်ဖြေရေးအစီစဉ်များအပြင် ဓါတ်ပုံပြပွဲများ နှင့် ကဗျာရွတ်ဆို မှုများလည်း ပါဝင်သည်။ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ၁၉၁၈ ခုနှစ်က အမေရိကန်ပြည်ထောင်စုတွင် ရှိသည့် အထည်ချုပ်စက်ရုံက အမျိုးသမီးများက အလုပ်ချိန်လျှော့ချရေး၊ လစာနှင့် ခံစားခွင့်တိုးမြင့်ရေး ဆန္ဒပြတောင်းဆိုခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။
ယခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဆောင်ပုဒ်မှာ “ပြောင်းလဲဖို့ ရဲရင့်စို့” ဟူ၍ဖြစ်ပြီး ယင်းလှုပ်ရှားမှုကို Panna Institute နှင့် USAID တို့ပူးပေါင်းကျင်းပခြင်းဖြစ်သည်။