Surprise Me!

စိတ်လှုပ်ရှားစရာကောင်းလာတဲ့ အကယ်ဒမီ

2017-10-06 4 Dailymotion

၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုချီးမြှင့်ပွဲဟာ တဖြေးဖြေးနီးကပ်လာပါပြီ။ အနုပညာ အသိုင်းအဝိုင်းက သာမကဘဲ ပရိသတ်တွေကလည်း ၂၀၁၆ ခုနှစ် အကယ်ဒမီဆုရှင်တွေကို စတင် စိတ်ဝင်စားနေကြတဲ့ အချိန်လဲ ရောက်ရှိနေပါပြီ။ မနှစ်က ကျင်းပတဲ့ အကယ်ဒမီပေးပွဲမှာတော့ ၂၀၁၄ ၊ ၂၀၁၅ နှစ်နှစ်တာ အတွက် ရွေးချယ်ပေးခဲ့ပြီး ဒီနှစ်မှာတော့ ၂၀၁၆ ခုနှစ် တစ်နှစ်တည်းအတွက် ရွှေစင်ရုပ်ထု ၁၁ ဆုကို ပြင်ဆင်ထားပြီးပြီဖြစ်ပါတယ်။

ဒီနှစ်မှာလည်း ဘယ်သူတွေက အကယ်ဒမီတွေနဲ့ လွဲလို့ ဘယ်သူတွေရကြဦးမလဲ၊ စကာတင် ဇာတ်ကား ၃၃ ကားထဲက အကောင်ဆုံးဇာတ်ကားဆုကို ဘယ်ထုတ်လုပ်ရေးက ရရှိသွားမလဲ၊ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ ဇာတ်ပို့ဆု၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု၊ ဇာတ်ပို့ဆုတွေကရော ပရိသတ်တွေရဲ့ ဆန္ဒနဲ့ တစ်ထပ်တည်းကျနိုင်ပါ့မလားဆိုတာ မကြာခင်မှာ ကျင်းပတော့မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ စောင့်မျှော်ကြည့်ရှုနိုင်တော့မှာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုချီးမြှင့်ပွဲကိုတော့ မတ်လ ၁၈ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး MRTV ရုပ်သံလိုင်းကနေ အချိန်နဲ့တပြေးညီ တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်