Surprise Me!

အဝေးသင်များအတွက် အနီးကပ် သင်တန်း နှစ်ကြိမ်ခွဲပြီး ပို့ချရန် စီစဉ် (ရုပ်/သံ)

2019-01-16 5 Dailymotion

ဧရာဝတီ၊ ဇန်နဝါရီ ၁၆၊ ၂၀၁၉

အဝေးသင်တက္ကသိုလ် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူတွေကို သင်ခန်းစာ လေ့လာသင်ယူရာမှာ ပိုအဆင်ပြေစေဖို့နဲ့ သင်ယူမှုစနစ် ပိုမိုတိုးတက်စေရေးအတွက် ရည်ရွယ်ပြီး ၂၀၁၉ ခုနှစ်မှ စတင်ကာ အနီးကပ်သင်တန်းကို ငါးရက်စီ နှစ်ကြိမ် ပို့ချပေးဖို့ စီစဉ်နေတယ်လို့ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

အဲ့ဒီအစီအစဉ်မှာ ဝိဇ္ဇာဘာသာတွဲ သင်ယူနေတဲ့ ကျောင်းသားကျောင်းသူတွေအတွက်သာ ဖြစ်ပြီး သိပ္ပံဘာသာတွဲယူထားတဲ့ ကျောင်းသားတွေက မူလအစီအစဉ်အတိုင်းသာ တက်ရောက်ရမှာ ဖြစ်ပါတယ်။

ရိုက်ကူး - ကျော်မျိုး
တည်းဖြတ် - ဝေယံမိုးမြင့်