Red Dot ကုမ္ပဏီပိတ်သိမ်းမှု ကိုယ်စားလှယ်များ နစ်နာမှုရှိ
ဖုန်းငွေဖြည့် ဝန်ဆောင်မှုပေးနေတဲ့ Red Dot ကုမ္ပဏီပိတ်သိမ်းသွားတာကြောင့် ကိုယ်စားလှယ်များ သိန်းသောင်းချီပြီး နစ်နာမှုများ ရှိနေပါတယ်လို့ ပြောပါတယ်။
Red Dot ကုမ္ပဏီဟာ အွန်လိုင်းဖုန်းငွေဖြည့်တဲ့ ကုမ္ပဏီဖြစ်ပြီး အကျိုးတူ လုပ်ဆောင်တဲ့ ဆိုင် ကိုယ်စားလှယ်တွေကို တစုံတရာအကြောင်းကြားခြင်းမရှိဘဲ ၂၀၁၈ အောက်တိုဘာလမှာ ရုံးခန်းပိတ် ထွက်ပြေး တိမ်းရှောင်နေတာကြောင့် ဖုန်းငွေဖြည့်ဖို့အတွက် ကြိုတင်ငွေတွေ များစွာဆုံးရှုံးခဲ့ရတယ်လို့ ကိုယ်စားလှယ်တွေက ဆိုပါတယ်။
ရိုက်ကူး ၊ တည်းဖြတ် ၊ တင်ဆက် - ဟန်ထူးဇော်