အခြေခံပညာဆရာ ခန့်ထားရေး တိကျသည့် မူဘောင်မရှိသဖြင့် ဆရာ၊ ဆရာမ အချင်းချင်းကို ရန်တိုက် ပေးသည့် ပုံစံဖြစ်နေဟုဆို
***********************************************
တိကျသေချာသည့် အခြေခံပညာဆရာ ခန့်ထားရေး မူဘောင်တစ်ရပ်မရှိခြင်းက ကျောင်းသူ၊ ကျောင်းသားများ အား စာသင်ကြားပေးနေသည့် ဆရာ၊ ဆရာမများ အချင်းချင်းကြား ရန်တိုက်ပေးနေသည့် ပုံစံမျိုး ဖြစ်နေသည် ဟု အဆိုပါ မူဘောင်အကောင်အထည်ဖော်ပေးရေးအတွက် လှုပ်ရှားတောင်းဆိုနေသည့် ဖဲကြိုးစိမ်းလှုပ်ရှားမှု၏ ဦးဆောင်ကော်မတီဝင်က ပြောသည်။
သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)