Surprise Me!

Myanmar Gospel Skit 2019 (သင် အမှန်တကယ် နောင်တရပြီလား)

2019-07-22 7 Dailymotion

ဇန်မင်အန်းသည် တစ်ချိန်က အိမ်အသင်းတော်တစ်ခု၏ တရားဟောဆရာတစ်ပါး ဖြစ်ခဲ့သည်။ သူသည် သခင့်ကို နှစ်များစွာ ယုံကြည်ခဲ့ပြီး ထိုအချိန်အားလုံးတွင် သခင့်အတွက် သူ တရားဟောခဲ့သည်၊ အလုပ်လုပ်ခဲ့သည်၊ ဒုက္ခခံခဲ့ပြီး အသုံးတော်ခံခဲ့သည်။ ထို့ကြောင့် သူသည် စစ်မှန်သော နောင်တနှင့် ပြောင်းလဲမှု ရရှိပြီးဖြစ်သည်ဟု သူယုံကြည်ခဲ့သည်။ သို့သော်၊ အသင်းတော် ရွေးကောက်ပွဲတစ်ခုတွင်၊ စုဝေးပွဲများကို ဧည့်ခံခြင်းနှင့်ဆိုင်သော တာဝန်ကို သူပေးခံရစဉ်တွင် အခြားညီအစ်ကို မောင်နှမများက အသင်းတော် ခေါင်းဆောင်များ နှင့် သင်းထောက်များအဖြစ် ရွေးချယ်ခံခဲ့ရသည်ကို ကြည်နေခဲ့ရသည်။ အပြင်ပန်းတွင် သူသည် လက်ခံပြီး နာခံပုံပေါက်ခဲ့သော်လည်း၊ ယင်းနှင့်ပတ်သက်ပြီး သူ စိတ်မချမ်းမြေ့ဖြစ်ခဲ့ရသည်။ သူ၏ဇနီးက သူသည် စိတ်ရင်းအမှန်အတိုင်း နောင်တမရသလို မပြောင်းလဲခဲ့ပါဟု ဆိုချိန်တွင်၊ ဇန်မင်အန်းက လက်မခံခဲ့ပေ။ ထို့နောက်တွင် အလွန်ကောင်းသော စကားစစ်ထိုးပွဲတစ်ခု ထွက်ပေါ်လာသည်.....စစ်မှန်သော နောင်တနှင့် ပြောင်းလဲမှုမှာ အဘယ်နည်း။ အဖြေများကို ရှာတွေ့ရန် သင် အမှန်တကယ် နောင်တရပြီးပြီလား ဟူသော ပြဇာတ်ကို ကြည့်ရှုပါ။

များပြားသောအကြံပြုချက်များ

Myanmar Christian Movie | တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)
https://my.kingdomsalvation.org/videos/to-the-brink-and-back-movie.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။